Pages

Sunday, May 11, 2014

ဟာသ တစ်​ပုဒ်


ကျွန်တော့်ဘဝဟာ သိပ်ကို ပျော်ရွှင်စရာကောင်းခဲ့ပါတယ်။ ကျွန်တော့် ချစ်သူ့ လေးနဲ့ ချစ်သူသက်တမ်း ၁ နှစ်မှာပဲ မိဘတွေပြောပြီး လပ်ထပ်ဖို့ စီစဉ်ခဲ့ကြပါတယ်။အဲ .. ပြဿနာက လက်မထက်ခင် ၁ ပတ်လောက်အလိုမှာ စတွေ့တာပဲ။ပြဿနာရဲအစကတော့ ကျွန်တော့ ချစ်သူရဲ့ ညီမပါပဲ။ အသက်က ၂၂ လောက်ပါ။ သူဟာ မီနီစကတ်ကျပ်ကျပ်တွေ ဝတ်တယ်။ လယ်ဟိုက် အင်္ကျီတွေဝတ်တယ်။ ကျွန်တော့ရှေ့ရောက်ရင် ကလပ်တပ်တပ် နေတယ်။တစ်ရက်တော့ ကျွန်တော့ကို ဖွင့်ပြောလာတယ်။"အစ်ကို့ ကို ကျွန်မ ချစ်နေတာ ပါ"...တဲ့ဟိုက် မလွယ်ပါ့လားပေါ့။"အစ်ကို့ကို ကျွန်မ အစ်မလက်ထဲ မထည့်လိုက်ခင် ကျွန်မဆန္ဒကို တစ်ကြိမ်လောက်လိုက်ရောပေးပါလား ဟင်"..တဲ့ကျွန်တော်ဘာပြန်ပြောရမလဲ စဉ်းစားလို့မရသေးဘူးသူက ဆက်ပြောတယ်။"အကယ်၍ အစ်ကို သဘောတူတယ်ဆို ရင် အပေါ်ထပ်ကိုလိုက်ခဲ့ပါ ညီမ အပေါ်ထပ်မှာ ရှိနေမယ် " ဆိုပြီ အပေါ်ထပ်တက်သွားပါရော။ကျွန်တော့မှာတော့ ကြက်သေသေပြီး သူအပေါ်တက်သွားတာကို ပဲ လိုက်ကြည့်နေမိတာပေါ့။ချီတုန်ချတုန်လဲ ဖြစ်နေမိတယ်။ စိတ်တွေလဲ လှုပ်ရှားနေမိတယ်ပေါ့ဗျာ။နောက်ဆုံးတော့ ကျွန်တော် ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ အိမ်ရှေ့တံခါးဆီကနေ ကျွန်တော့ 'ကား' ရှိရာဆီကို ဦးတည်ထွက်ခဲ့လိုက်ပါတော့တယ်။ဒီချိန်မှာပဲ ခြံထဲမှာ တွေ့လိုက်ရတာကတော့ ကျွန်တော်မကြာခင် တော်စပ်ရတော့မယ့် မိသားစုပါပဲ။ ယောက္ခမ(သူ့အမေ) လောင်းကြီးပြုံးလို့ပေါ့။ သူအဖေကြီးကလဲ အားရဝမ်းသာနဲ့ပေါ့။"သမီးရေ နင်တော့ တကယ့်ကို ရိုးသားဖြူစင်ပြီး သစ္စာရှိတဲ့ ယောက်ျားနဲ့ လက်တွဲရတာပဲဟေ့ အဖေ စိတ်ချပြီကွာ"...တဲ့။ ကျွန်တော့ ဇနီးလောင်းလေးမှာတော့ မျက်ရည်တွေ တွင်တွင် ကျလို့ပေါ့။ကဲပုံပြင်လေးကတော့ ဒါပါပဲ ခင်ဗျာ။ဒီပုံပြင်လေးကနေ ရလိုက်တဲ့ သင်ခန်းစာကိုပြောပြရမယ်ဆိုရင်တော့"သင်ဟာ အဖော်ကို ကားပေါ်မှာပဲ အမြဲထားပါ"...တဲ့။ ခွီခွီခွီ....။(ပြောသားပဲ..ဟာသ တစ်ပုဒ်ပါလို့...အဟုတ်မှတ်ပြီး လျှေက်ပြီးဖီလင်ဝင်နေတာကိုး)Credit to : လူပြက်လေးများ

No comments:

Post a Comment